Tag Archive: သတင်း


လူ ၃ ဦးသေဆုံးခဲ့သော ကွမ်းခြံကုန်း ဒရယ်လူးကျေးရွာ ဓားပြမှုကျူးလွန်သူဟု သံသယဖြင့် လူ ၄ ဦးကို ဖမ်းဆီးထားကြောင်း ရဲက ပြောသည်။

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့မှ ၁၄ မိုင်ဝေးသော ဒရယ်လူးကျေးရွာ ဒေါ်သိန်းမြင့် နေအိမ်တွင် မေလ ၁၆ ရက်နေ့က ဓားပြတိုက်မှုဖြင့် ကော့မှူးမြို့နယ် ထန်းတပင်ရွာနေ ဦးဆန်း (အသက် ၅၉  နှစ်)၊ သထုံမြို့ ညောင်ကုန်းလေးရွာဇာတိသား ဦးသောင်းလွင် (ခ) ဦးဆေးလုံး၊ ဦးအေးလွင် (ခ) ဦးမြင့်ကျော်နှင့် ဦးခင်မောင်ဝင်း (ခ) ဦးမောင်ဝင်းတို့ကို ဖမ်းမိထားသည်ဟု သောကြာနေ့က ရန်ကုန်ရဲချုပ်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောသည်။

Continue reading

ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်သို့ ရောက်ရှိသွားသော ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ထက်ဝက်နီးပါးမျှဖြစ်သော သင်္ဘောသား ၅၅ဝ ခန့်သည် ယခုလ ၁ ရက်နေ့မှစတင်၍ အလုပ်ထွက်သွားကြပြီး လစာပိုမိုကောင်းမွန်သော နိုင်ငံခြားသင်္ဘောလိုင်းများတွင် အလုပ်ရှာကြမည်ဖြစ်သည်။

တပ်မတော် ဘဏ္ဍာရေးရှာဖွေမှုအတွက် ထူထောင်ထားသော ဦးပိုင်က ပြည်တွင်း၊ ပြည်ပ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသော ကြယ်ငါးပွင့်သင်္ဘောလိုင်းကို လွှဲယူအပြီး နှစ်လအကြာ သင်္ဘောသား ၁၂၂၇ ဦးအနက် အနည်းဆုံး ၅၅ဝ ဦး နုတ်ထွက်သွားကြသည်။

’’ဝန်ထမ်းဟောင်းတွေကို ဆန္ဒသဘောထား တောင်းခံပြီးတော့ ဆက်လုပ်မယ့်လူကို ဆက်ခန့်ပါတယ်။ ဆက်မလုပ်တဲ့လူကို ထွက်ခွင့်ပေးလိုက်ပါတယ်’’ ဟု ကြယ်ငါးပွင့် အဆင့်မြင့် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ယနေ့အထိ သင်္ဘောကုန်းပတ်ဌာနမှ ဝန်ထမ်း ၃၅ဝ နုတ်ထွက်သွားခဲ့ပြီး အင်ဂျင်ဌာနမှ ၂ဝဝ ဦး အလုပ်ထွက်သည်။

Continue reading

တက်လူ   /   ၀၃ ဇွန် ၂၀၁၀


သတင်းထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုပြုလုပ်ခဲ့သည့် ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို ရန်ကင်းမြို့နယ် တရားရုံးက ပြစ်မှုကျင့်ထုံးပုဒ်မ ၂၀၄ (၁) အရ ယနေ့ အရေးယူလိုက်ကြောင်း ဆဲဗင်းဒေးသတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံက ပြောသည်။

၎င်းက “အမှုနဲ့ပတ်သက်ပြီးတော့ ဒီနေ့ တရားရုံးကနေပြီးတော့ မြို့နယ်တရားသူကြီး ဦးနေအောင်က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၂၃ / ၅၀၆) ပထမပိုင်းအရ အရေးယူလိုက်ပြီလို့ ပြောပါတယ်” ဟု ဆိုသည်။

ပုဒ်မ (၃၂၃) သည် နာကျင်စေမှုဖြစ်ပြီး ပုဒ်မ (၅၀၆) ပထမပိုင်းသည် ခြိမ်းခြောက်ပြောဆိုမှုဖြစ်ကြောင်း သိရသည်။

ထက်ထက်မိုးဦးက တရားရုံးသို့ လာရောက်ခြင်းမရှိသည့်အတွက် သမ္မန်စာဆင့်ခေါ်ထားကြောင်း၊ (၃) ကြိမ်အထိ မလာရောက်ပါက တရားဥပဒေအတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း မအေးသူစံက ပြောသည်။

အမှုကို ဇွန်လ (၁၇) ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားပြီ မအေးသူစံဘက်မှ အကျိုးဆောင်ရှေ့နေမှာ တရားရုံးချုပ်ရှေ့နေ ဦးသန်းထွန်းအောင်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တရားရုံးရောက်ရသည့်အဖြစ်နှင့်ပတ်သက်၍ မအေးသူစံက “ကျမတသက်နဲ့တကိုယ် ဒီလိုမျိုး ရုံးရောက်လောက်တဲ့အထိတော့ မမျှော်လင့်မိပါဘူး။ ကျမတို့ သတင်းထောက်အလုပ်ဆိုတာ ဒီလိုရုံးတွေ ဂတ်တွေနဲ့တော့ နီးစပ်တယ် ပြောရမှာပေါ့။ အခုလိုမျိုး တရားရုံးကို ရောက်ရတယ်ဆိုတာလည်း ကျမအနေနဲ့ ကြားထဲကနေပြီးတော့ စာပေနဲ့စာနယ်ဇင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေပြီးတော့ သူနဲ့ကျမကို ကြားဝင်ညှိနှိုင်းပေးတယ်။ ကျမဘက်ကလည်း ကျမလိုက်လျောနိုင်တဲ့ အတိုင်းအတာကို ပြောလိုက်တယ်ပေါ့။ သူ့ဘက်က လိုက်လျောခြင်းမရှိတဲ့အတွက် တရားဥပဒေ လမ်းကြောင်းတခုပဲ ရှိတော့တဲ့အတွက် ဒီလမ်းကြောင်းကိုပဲ ဆက်လုပ်ရမယ့်ပုံစံ ဖြစ်သွားတာပါ” ဟု ပြောဆိုသည်။

Continue reading

ကျော်ခ | ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၄ မိနစ်


ချင်းမိုင် (မဇ္ဈိမ)  ။      ။ နော်ဝေးနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်က မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်နှင့်အတူ နာဂစ်ဆိုင်ကလုံး မုန်တိုင်းသင့် ဒေသသို့ သွားရောက် လေ့လာခဲ့သည်။

၃ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ မေ ၃၁ ရက် နေ့က ရောက်ရှိလာသော မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်နှင့်အဖွဲ့သည် လွန်ခဲ့သည့် ၂ နှစ်ကျော်က နာဂစ်မုန်တိုင်းတိုက်ခတ်ရာ ဒေသများကို လှည့်လည်ကြည့်ရှု့အပြီး နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဦးမောင်မောင်ဆွေတို့နှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်က နာဂစ်မုန်တိုင်းသင့်ရာဒေသကို လေယာဉ်ပေါ်မှကြည့်ရှုခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်နှင့်  ကျိုက်လတ်မြို့နယ်တို့မှ ကျေးရွာ ၃ ရွာကို သီးသန့် သွားရောက်ခဲ့သည်ဟု ခရီးစဉ်တွင် အတူလိုက်ပါသွားခဲ့သော အကူညီပေးရေးအဖွဲ့တခုမှ တာဝန်ခံတဦးက ပြောသည်။

“ပျက်ဆီးဆုံးရှုံးမှုတွေကို နော်ဝေနိုင်ငံက သိပါတယ်။ သေသွားတဲ့ သူတွေ အသက်ပြန်ရှင်လာဖို့အတွက် မတတ် နိုင်ပေမယ့် အသက်ရှင်ကျန်ခဲ့သူတွေအတွက် ထူထောင်ရေးလုပ်ငန်းတွေကို ပြည့်စုံအောင် အတတ်နိုင်ဆုံး ကူညီ သွားပါမယ်” ဟု နော်ဝေဝန်ကြီး ကျေးရွာသားများကို ပြောကြားသွားကြောင်း ကုလသမဂ္ဂဌာနကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
Continue reading

ရန်ကုန် (မဇ္ဈိမ)။      ။ လူ ၃ ဦး သေဆုံးမှု ဖြစ်ခဲ့ရသော ရန်ကုန်တိုင်း ကွမ်းခြံကုန်း ဓားပြမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတရပ်ကို သောကြာနေ့တွင် ရန်ကုန်မြို့ ရဲချုပ်ရုံးတွင် ပြုလုပ်မည်ဟု သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ဒရယ်လူးကျေးရွာတွင် မေလ ၁၆ ရက် ညတွင် ဓားပြ ၅ ဦးက သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ လက်ပစ်ဗုံး ပစ်ခွဲခြင်းတို့ကြောင့် ရွာသား ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

Continue reading

သောမတ်စ်မောင်ရွှေ | ကြာသပတေးနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။      ။ မြန်မာနိုင်ငံက မြောက်ကိုရီးယားထံမှ နျူကလီးယားရရှိရေး ကြိုးပမ်းဆောင်ရွက်မှု ရှိနေသည်ဟူသော စွပ်စွဲချက်များ ထွက်နေသည့်အပေါ် စိုးရိမ်မကင်းဖြစ်နေကာ မြန်မာဘက်က ကောင်းစွာ ဖြေရှင်းမှု မပေးနိုင်မချင်း သွားရောက်ခြင်း မပြုဟုဆိုကာ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝက် (Jim Webb) က သူ၏ ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်သည်။

မစ္စတာ ဂျင်မ်ဝက်သည် ကိုရီးယား၊ ထိုင်း၊ မြန်မာ အာရှ ၃ နိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ သွားရောက်လည်ပတ်ရန် စီစဉ်ထားခဲ့ရာမှ  ခရီးစဉ်အား ရုတ်ချည်း ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။ သူသည် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် အခြား အရာရှိများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာမှ ယခုကဲ့သို့ ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။

ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် သူက စစ်အစိုးရသည် မြောက်ကိုရီးယားနှင့် ချိတ်ဆက်၍ နျူကလီးယား ရရှိရေး အစီအစဉ်ကို အကောင်အထည် ဖော်နေသည်ဟု စွပ်စွဲချက်များအပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ရေးသားထားခဲ့သည်။ မြန်မာစစ်တပ်မှ ထွက်ပြေးလာခဲ့သော အရာရှိတဦးကလည်း စစ်အစိုးရတွင် နျူကလီးယား အစီအစဉ်ရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး ထိုအစီအစဉ်ကို သက်သေပြရန်အတွက် အထောက်အထား စာရွက်စာတမ်းများလည်း ရှိသည်ဟု ပြောဆိုခဲ့သည်။
Continue reading

လှိုင်သယာမြို့ရှိ စက်မှုဇုံ ၃ တွင် ယနေ့ နေ့လည်က အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားလျှက် ရှိသည်။

လှိုင်သာယာ စက်မှုဇုံ ၃ ရှိ မြဖက်ရှင် အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၁၄၀၀ ခန့်က ဆန္ဒပြ နေကြောင်း စက်ရုံမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ဟုတ်ကဲ့ ဆန္ဒပြတာ မှန်ပါတယ်။ ဒီနေ့ နေလည်ထမင်းစားပြီးချိန် ကတည်းကပါ။ ခုထိမပြီးသေးဘူး။ လစာတိုးဖို့ ပြောတာပါ” ဟု ပြောသည်။

Continue reading

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ လဲလက်ကျေးရွာ၌ A (H1N1) ခေါ် ကမ္ဘာ့ လူတုပ်ကွေး ရောဂါပိုးရှိသူ ၄ ဦးရှိကြောင်း နေပြည်တော်က ယခုလ ၅ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ဖလမ်းမြို့နယ်အတွင်း ရွာငယ်လေးဖြစ်သည့် လဲလက်၌ လူဦးရေ ၈ဝ ခန့် နာမကျန်းဖြစ်နေသဖြင့် ထိုအထဲမှ A (H1N1) ပိုးရှိသူများအဖြစ် ယူဆရသူ ၅ ဦးကို နေပြည်တော်သို့ ဆေးစစ်မှု ခံယူခဲ့ပြီးနောက် ၄ ဦးကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဖျားနေတဲ့ လူ ၈ဝ ထဲက မသင်္ကာတဲ့ ၅ ယောက်ကို လည်ပင်းကနေ သွေးဖောက်ပြီး နေပြည်တော်မှာ ပို့ပြီး စစ်ဆေးတယ်။  နေပြည်တော်က ပြီးခဲ့တဲ့ သောကြာနေ့ အဖြေထွက်လာတော့  မလားလ်နုန် ဆေးအောင်တယ်။ ကျန် ၄ ယောက်က H1N1 ရောဂါ တွေ့ရှိတယ်” ဟု အမည်မဖော်လိုသူ ဖလမ်း ပြည်သူ့ဆေးရုံမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

Continue reading

ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ လားရှိုးနှင့် နမ့်ခမ်းမြို့တွင် လိုင်စင်မဲ့ မော်တော်ကားများကို အာဏာပိုင်များက ယခု ရက်ပိုင်းအတွင်း ဖမ်းဆီးနေကြောင်း သိရသည်။

မူဆယ်မြို့တွင် ဒုရဲအုပ် ဦးဇော်လင်းနှင့် အဖွဲ့က မြို့အထွက် နေရာများတွင် စောင့်ဖမ်းနေသည်။

“မူဆယ်မှာ မနေ့က စဖမ်းတယ်။ နမ့်ခမ်းက ဒီနေ့မှ စဖမ်းတယ်။ အိမ်ထဲဝင်ရှာတဲ့ အဆင့်တော့ မဟုတ်ဘူး။ လမ်းပေါ်ထွက်တဲ့ ကားတွေ အကုန်ဖမ်းတယ်။ မူဆယ်မှာမြို့အထွက် အေးရှားဝေါလ်ဂိတ်နဲ့ နမ့်ခမ်းဘက်သွားတဲ့ လမ်းမှာ စောင့်ဖမ်းတယ်” ဟု မူဆယ်မြို့ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ကားများကို အပြီးအပိုင် သိမ်းယူမည်ဟု ဒေသခံများက ဆိုသည်။

Continue reading