ကျွန်တော် ယခုချိန်ကစပြီး www.daung-zarni.iblogger.org တွင် ပြောင်းရွှေ့ရေးသားတော့မှာဖြစ်ပါတယ်။

အစက daungzarni.wordpress.com ကို သတင်းဆိုင်ရာ ဘလော့ဂ်အဖြစ်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တင်ထားသမျှ ပို့စ်တိုင်းဟာ ကော်ပီ၊ပေ့စ် ပို့စ်တွေသာ ဖြစ်နေတာမို့  ကိုယ့်ကိုကိုယ် လိပ်ပြာမလုံ ဖြစ်ရပါတယ်။ တကယ် သတင်းဘလော့ဂ် တည်ဆောက်တော့မယ် ဆိုရင် (၁) ပြည်တွင်း အမာခံသတင်းပေးပို့သူ(ကိုယ်ကျိုးစွန့်သူ) လူခံတွေရှိဖို့ အခြေခံအားဖြင့်လိုအပ်ပါတယ်။ (၂) သူများဆီမှ တဆင့်ကူးယူခြင်းဟာ သတင်းဖြန့်ဝေခြင်းဆိုတာထက် သူများ ဦးနှောက်ဖောက်စားတယ်လို့ ကိုယ့်ကိုကိုယ် ခံစားလာရပါတယ်။ (၃) သူများဆီမှ ကူးယူခြင်းဟာ မိမိရဲ့စိုက်ထုတ်အား လုံးဝ(လုံးဝ) မပါတဲ့ အတွက်ကြောင့် သတင်းသမားတစ်ယောက်ရဲ့ အခြေခံကိုတောင် ပိုင်နိုင်ခြင်း မရှိတဲ့သူ အရည်အချင်းမရှိတဲ့ ဘလော့ဂ်ဂါ တစ်ယောက်အဖြစ် မြင်လာပါတယ်။

အထက်ပါ အကြောင်းအရာတွေကြောင့် ကျွန်တော် အိမ်ပြောင်းရခြင်းဖြစ်ပါတယ်။ အိမ်သစ်မှာ ကျွန်တော့ ကိုယ်ပိုင် ယုံကြည်ချက်များ၊ အတွေ့အကြုံများ၊ လေ့လာတွေ့ရှိချက်များ ကို အချိန်ပေးရေးသားသွားမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။ သတင်းများကိုလည်း Distributor အနေနဲ့သာ www.daung-zarni.blogspot.com (blogger) မှတဆင့် အချိန်နှင့်တပြေးညီ ဆက်လက်ကူးယူတင်ဆက်သွားပါမယ်။ ကျွန်တော့ရဲ့အိမ်သစ်ကိုလာလည်ပြီး ကျွန်တော့ရဲ့အတွေးအမြင်တွေ ၊ အတွေ့အကြုံတွေကို မိတ်ဆွေတို့ရဲ့အတွေးအခေါ်၊ အယူအဆ၊ အတွေ့အကြုံတွေ နဲ့လာရောက် ဖလှယ်လှည့်ပါ…ကျွန်တော် ဒေါင်းဇာနည် မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်းကို သတင်းပါးပါရစေ…………………………………………………..။