Category: သုတစာပေ/ဆောင်းပါး


‘လွတ်လပ်ပြီး တရားမျတတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်ဖို့အတွက် လွတ်လပ်တဲ့မီဒီယာတွေရဲ့ အခန်း ကဏ္ဍဟာ ဘယ်လောက်အထိ အရေးပါသလဲ’ ဂျာနယ်တစ်စောင်က မိန်းကလေး တစ်ယောက် လာမေးတာ ဖြစ်ပါတယ်။
‘ရွေးကောက်ပွဲက အရေးပါ သလောက်ကို ပါပါတယ်’

နိုင်ငံရေးကြော်ငြာတွေ

ဟုတ်ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်ဖို့အတွက် မဲဆန္ဒရှင် ပြည်သူလူထုက သူတို့ ကြိုက်နှစ်သက်ရာ ပါတီနဲ့ လူပုဂ္ဂိုလ် များကို လွတ်လပ်စွာ၊ သန့်ရှင်းစွာ ဆန္ဒမဲပေး ရွေးချယ်ခွင့် ရှိဖို့လိုပါ တယ်။ အဲဒီလို ရွေးချယ် နိုင်စေဖို့အတွက် မီဒီယာများရဲ့ ကူညီပံ့ပိုးမှု မရှိ မဖြစ် လိုအပ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ ၀င်ရောက်ယှဉ် ပြိုင်မယ့် နိုင်ငံရေး ပါတီ အသီးသီးက သူတို့ရဲ့ ပေါ်လစီမူဝါဒတွေကို ပြည်သူလူထု သိရှိအောင်၊ စာရွက်စာတမ်းတွေ ရိုက်နှိပ်ထုတ်ဝေပြီး အသိပေးကြပါတယ်။ သူတို့ပါတီ ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများ အ ကြောင်းကိုလည်း ဖော်ပြပေးကြပါတယ်။ အဲဒီလို ဖော်ပြ ကြော်ငြာကြရာမှာ ကြော်ငြာတို့ ထုံးစံအတိုင်း ‘ကောင်းပေ့-ညွန့်ပေ့’ ဆိုတာတွေ ချည်း ထည့်ရေးကြမြဲ ဖြစ်ပါတယ်။ ဘယ်ပါတီမျိုးကမှ ကျွန်တော်တို့ကတော့ စုပေါင်းစပ်ပေါင်း ခပ်ညံ့ညံ့ ပါတီ ဖြစ်ပါတယ်ခင်ဗျာလို့ အမှန်အတိုင်း ပြောကြရိုး မရှိပါဘူး။ အလားတူပဲ သူတို့ကိုယ်စားလှယ်လောင်းတွေ အကြောင်းလည်း မှန်တဲ့အတိုင်း ဘယ်တော့မှ မပြောပါဘူး။ တိုင်းချစ် ပြည်ချစ် မျိုးချစ် ပုဂ္ဂိုလ်ကြီးအဖြစ် ရွှန်းရွှန်းဝေအောင် အမွှမ်းတင်တာ မျိုးတွေပဲ ပြောကြရေးကြမှာပါ။

နှောင်ကြိုးနဲ့ မီဒီယာ

အဲဒီအခါမှာ ပါတီတွေကို ထောက်ခံအားပေးတဲ့။ ဒါမှမဟုတ် ပါတီတွေ က ထောက်ပံ့ ပေးကမ်းထားတဲ့ မီဒီ ယာတွေကလည်း မလွဲမသွေ ရှိမြဲ ဖြစ်လေတော့ အဲဒီမီဒီယာမျိုးတွေက သူတို့ တိမ်းညွှတ်ရာ ပါတီများနဲ့ ကိုယ်စားလှယ်များ ဘက်က ၀ါဒဖြန့် ရေးသား ပေးကြပါလိမ့်မယ်။ မဲဆန္ဒရှင်များ အတွက် စိတ်ထွေပြားစရာတွေ အများကြီး တွေ့ကြမှာဖြစ်တယ်။ စတုတ္ထ မဏ္ဍိုင်ပီသတဲ့ လွတ်လပ်ပြီး နှောင်ကြိုး လုံးဝကင်းစင်တဲ့ မီဒီယာ တွေက ကြော်ငြာမှိုင်း အမျိုးမျိုးတွေ ကြားမှာ စိတ်တွေထွေ ပြားနေကြတဲ့ မဲဆန္ဒရှင်များကို ပါတီမျိုးစုံရဲ့ မူဝါဒ ပေါင်းစုံကို ခွဲခြမ်း စိတ်ဖြာသုံးသပ်မှုတွေ ရေးသား ဖော်ပြပေးခြင်းအားဖြင့် ကူညီရပါတယ်။ နောက်ကွယ်ကနေ ပြီး ဟိုနိုင်ငံ၊ ဒီနိုင်ငံ၊ ဟိုအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်းတွေက ပေးကမ်း ထောက်ပံ့ပေးပြီး နှောင်ကြိုးတွေနဲ့ ချည်နှောင်ထားတာမျိုးတွေ ရှိရင်လည်း ဖော်ထုတ် ဖွင့်ချပေးရပါတယ်။ ကိုယ်စားလှယ်လောင်း သောင်းခြောက်ထောင် ထဲမှာ ဖြူစင်ရိုးသား တဲ့ ပုဂ္ဂိုလ်များ ပါရှိနိုင်သလို လူကြီးလူကောင်း ယောင်ဆောင်ထားတဲ့ ‘ငတက်ပြား’တွေလည်း ပါလာနိုင်တယ်။ ရှေးနိုင်ငံရေး ခေတ်ကလည်း နယ်မှာဓားပြတိုက်၊ လူသတ်သူများ မိန်းမကို မတော်တရော် ပြုကျင့်တဲ့ ပြူစောထီးဗိုလ် က အမတ်တက်ဖြစ်ရုံမက ပါလီမန်အတွင်းဝန်တို့ ဘာတို့အထိ တက်ဖြစ်သွားတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။

နှောင်ကြိုးမဲ့မီဒီယာ

တချို့ကျတော့ ခေတ်တစ်ခု ပြောင်းတိုင်း အရောင်တစ်ရောင်လိုက် ပြောင်းပြီး အခွင့်အရေးကောင်း မှန်သမျ ရအောင် ယူတတ်ကြတယ်။ မြန်မာပြည်မှာ ရှိရှိသမျ နိုင်ငံရေးပါတီ အကုန်လုံးမှာ မပါဖူးတဲ့ ပါတီမရှိဆိုသူ တွေတောင် ရှိခဲ့ဖူးတယ်။ အမတ်လောင်း ကိုယ်စားလှယ်လောင်းတွေ ရဲ့ဘ၀မှန်၊ အဖြစ်မှန်၊ အရောင်မှန် တွေကိုလည်း လွတ်လပ်တဲ့ မီဒီယာ တွေကမှ အမှန်အတိုင်း ရှာဖွေတင်ပြ ရေးသားကြမှာ ဖြစ်တယ်။ အစွဲနဲ့ နှောင်ကြိုးမကင်းတဲ့ မီဒီယာတွေကတော့ ဒါမျိုးတွေကို ဘယ်တော့မှ ရေးကြမှာ မဟုတ်ဘူး။ သူတို့က တော့ အပေါ်ယံ ရွှေမှုန်ကြဲ သတင်းမျိုးတွေသာ ရေးကြမှာဖြစ်တယ်။ အဲဒါကြောင့် စတုတ္ထမဏ္ဍိုင် ပီသပြီး အစွဲနဲ့ နှောင်ကြိုး လုံးဝကင်းရှင်းတဲ့ မီဒီယာတွေဟာ မရှိမဖြစ် လိုအပ်တယ်။ ဒီလို မီဒီယာမျိုးတွေကမှ လုံးဝ လွတ်လပ်ပြီး တရားမျတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာမခံချက် ပေးနိုင်တာ ဖြစ်တယ်။ မီဒီယာတွေက လည်း ရိုးသားသန့်ရှင်းပြီး အမှန်တရား မျက်နှာတစ်ခုတည်းကိုသာ ကြည့်တဲ့ လူငယ် သတင်းသမားတွေ များများစားစား ပေါ်ထွက်လာအောင် လေ့ကျင့် သင်ကြားပေးထား ဖို့လိုပါတယ်။ မီဒီယာတွေရဲ့ လော လောဆယ် အနေအထားကို ကြည့်ရတာကတော့ လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ပြုမယ့် နောင်တစ်ခေတ်အတွက် အဆင်သင့်ဖြစ်မှု အားနည်း နေသေးတယ်လို့ ထင်မြင်မိတယ်။

အခုအချိန်မှာ ရွေးကောက်ပွဲ ထက် ရွေးကောက်ပွဲလွန် နိုင်ငံရေး (Post election Politics) အကြောင်းက ပိုစိတ်ဝင်စားဖို့ ကောင်းပြီး ပိုပြီး သိမ်မွေ့တယ်လို့ယူဆပါ တယ်။ ရွေးကောက်ပွဲပြီး အစိုးရဟာ ဘယ်ပုံသဏ္ဍာန်မျိုး ဖြစ်လာမလဲ။ လွှတ်တော်ဟာ ဘယ်လောက် အရေးပါတဲ့ နေရာမှာ ရှိနေပြီး ဘယ်လောက် အထိ လုပ်ပိုင်ခွင့်တွေ ရှိမလဲ။ တိုင်းရင်းသား လူမျိုးစု ပြည်နယ်တွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ရှိကြမယ့် အဆင့်ဆင့်သော လွှတ်တော်တွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲ ဆိုတာတွေက အင်မတန်လည်း ‘ထိလွယ်ရှလွယ်’ ဖြစ်ပါတယ်။

နတ်ဆေးတော်ကြီးတဲ့

ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတော့ အခုလက်ရှိစာနယ်ဇင်း တွေမှာ ရေးသားဖော်ပြနေကြတာ တွေကြည့်လိုက်တော့ ရေးသူအား လုံးက ရွေးကောက်ပွဲဆိုတာ မဟာ သြသဓ နတ်ဆေးတော်ကြီးဖြစ်လို့ ရောဂါအားလုံးကို ကုသပေးနိုင်လိမ့် မယ်။ အားလုံး မျော်လင့်တောင့်တ နေတဲ့ ရွှေပြည်တော်ကြီးရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ် တယ်ဆိုတာမျိုးတွေပဲ ရေးသားနေ ကြတာတွေ့ရတယ်။ ဒီရေးသားမှုမျိုး က လူတွေကို မျော်လင့်ချက်မှား (False hope) တွေပေးနေတာ ဖြစ်တယ်။ ရွေးကောက်ပွဲ ပြီးသွားလို့ မျော်လင့်ထားတဲ့အတိုင်း ချက်ချင်း ဖြစ်မလာရင် လူတွေက ရွေးကောက်ပွဲကို သာမက ဒီမိုကရေစီ လုပ်ငန်းစဉ် တစ်ခုလုံးကိုပါ စိတ်ပျက်လက်ပျက် ဖြစ်သွားစေနိုင်တဲ့ အန္တရာယ်ရှိပါ တယ်။ ရွေးကောက်ပွဲဆိုတာ မဟာ သြသဓနတ် ဆေးတော်ကြီး မဟုတ်ပါဘူး။ အရာရာကို ကုစားမပေး နိုင်ပါဘူး။ ဒီမိုကရေစီလုပ်ငန်းစဉ် တွေထဲက နည်းလမ်းတစ်ခုသာ ဖြစ်တယ်ဆိုတဲ့ အကြောင်း မဲဆန္ဒရှင် ပြည်သူတွေသိအောင် အသိပေးတင် ပြထားဖို့လိုပါတယ်။

ထိလွယ်ရှလွယ်ကိစ္စတွေ

အခုအချိန်မှာ ရွေးကောက်ပွဲ ထက် ရွေးကောက်ပွဲလွန် နိုင်ငံရေး (Post election Politics) အကြောင်းက ပိုစိတ်ဝင်စားဖို့ ကောင်းပြီး ပိုပြီး သိမ်မွေ့တယ်လို့ယူဆပါ တယ်။ ရွေးကောက်ပွဲပြီး အစိုးရဟာ ဘယ်ပုံသဏ္ဍာန်မျိုး ဖြစ်လာမလဲ။ လွှတ်တော်ဟာ ဘယ်လောက်အရေး ပါတဲ့နေရာမှာ ရှိနေပြီး ဘယ်လောက် အထိ လုပ်ပိုင်ခွင့်တွေ ရှိမလဲ။ တိုင်းရင်းသား လူမျိုးစု ပြည်နယ်တွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ရှိကြမယ့် အဆင့်ဆင့်သော လွှတ်တော်တွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲ ဆိုတာတွေက အင်မတန်လည်း ‘ထိလွယ်ရှလွယ်’ ဖြစ်ပါတယ်။
ဒီကိစ္စတွေကို ကြိုတင်စဉ်းစားပြီး ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ရင် ဖြေရှင်းဖို့ နည်းလမ်းတွေလည်း ကြံဆထားဖို့ လိုပါလိမ့်မယ်။

ကြုံခဲ့ဖူးပါတယ်
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ တွေ မရှိခဲ့ဖူးတာ မဟုတ်ပါဘူး။ ဖဆပလခေတ်မှာ ရွေးကောက်ပွဲသုံးကြိမ် လုပ်ခဲ့ဖူးပါတယ်။ နိုင်ငံရေး ပြဿနာတွေ၊ လူမျိုးစုပြဿနာတွေ မဖြေရှင်းနိုင်ခဲ့တဲ့ အတွက် လွတ်လပ်ရေးလွန် ၁၄ နှစ်ကာလမှာ စစ်တပ်အာဏာ သိမ်းယူမှု နှစ်ကြိမ် ကြုံခဲ့ရပါတယ်။ နောက်တစ်ခါ ၁၉၇၄ ခုနှစ်မှာလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ခု ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေမရှိဘဲ အုပ်ချုပ်နေ တာထက် အခြေခံဥပဒေနဲ့ အုပ်ချုပ်တာက ပိုကောင်းတာပေါ့ ဆိုပြီး အတည်ပြုခဲ့ပါတယ်။ အဲဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲတွေလည်း လေးနှစ်တစ်ကြိမ် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ် မှာ စစ်တပ်က တတိယအကြိမ်ဝင် ရောက်ပြီး အာဏာထိန်းချုပ်ခဲ့ရ ပြန်ပါတယ်။ ဘယ်သူတွေမှားတယ်၊ ဘယ်သူတွေမှန်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။

အစွဲကင်းဖို့လို

ရွေးကောက်ပွဲဆိုတာ ၉၆ ပါး ရောဂါဝေဒနာမျိုးစုံကို ‘ဥုံဖွ ပျောက်စေ’ဆိုပြီး ကုစားပေးနိုင်တဲ့ မဟာ သြသဓနတ်ဆေးတော်ကြီး မဟုတ် ဘူးဆိုတာကို သိစေချင်တာပါ။ နတ်ဆေးတော်ကြီးသဖွယ် မျော်လင့်ချက်မှားတွေ ပေးနေကြတာကို ဆင်ခြင်ကြစေချင်လို့ပါ။ နတ်ဆေးတော် ကြီးလို့ မှတ်ထင်နေကြပြီး နောက်ဆုံးကျမှ နတ်ဆေးတော်ကြီး မဟုတ်မှန်းသိကြရရင် အရာအားလုံးကို စိတ်ပျက်လက်ပျက် ဖြစ်ပြီး ဘာကိုမှ မယုံတော့ဘူး။ ဘာကိုမှ မလုပ်ချင်တော့ဘူးဆိုတဲ့ အဆိုးမြင်စိတ်တွေ လွှမ်းမိုးသွားနိုင်ပါတယ်။ စတုတ္ထ မဏ္ဍိုင်ပီသတဲ့၊ လွတ်လပ်တဲ့ မီဒီယာ သမားတွေက ပြည်သူလူထုကို မျော်လင့်ချက်မှားတွေ မပေးရပါဘူး။ အခြေအနေမှန်၊ အဖြစ်မှန်ကို အစွဲကင်းကင်းနဲ့အမှန်အတိုင်း တင်ပြပေးရပါတယ်။ ဒါမှ မဲဆန္ဒရှင် ပြည်သူလူထုက မှန်မှန်ကန်ကန် သုံးသပ်ဝေဖန်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင် ပီသတဲ့ မီဒီယာသမား စစ်စစ်က ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဇွတ်အတင်း ရိုက်သွင်းဝါဒ ဖြန့်တာမလုပ်ရပါဘူး။ ၀ါဒဖြန့်တယ် ဆိုတာက နိုင်ငံရေး ပါတီတွေရဲ့ အလုပ်သာဖြစ်ကြောင်း ပါ။

ဟံသာဝတီမှတဆင့်

မူပိုင်ခွင့်ဆိုတာ နိုင်ငံတကာမှာတော့ မဆန်းတော့ပါဘူး။နိစ္စဓူဝ ကိစ္စတစ်ခု ဖြစ်နေပါပြီ။ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများမှာတော့ တရုန်ပြည်ကြီး WTO မှာအဖွဲ့ဝင်နိုင်ငံဖြစ်လာတော့မယ်ဆိုတဲ့ အချိန်လောက်မှ ရေးကြီးခွင်ကျယ် ပြောဆိုလာကြတာဖြစ်ပါတယ်။
Download လုပ်ရန်…….
download here!