Category: ဗိုလ်ချုပ်အောင်ဆန်း


မြန်မာ့အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ရိုင်းစိုင်းတဲ့၊ ဒေါသကြီး ဘုကျတဲ့ အောင်ဆန်း၊ သို့သော် တိုင်းပြည်လွတ်လပ်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက် သွားတဲ့ အောင်ဆန်းအဖြစ် ကျွန်တော်တို့ဗိုလ်ချုပ်ရဲ့ငယ်ပေါင်းမဟုတ်သောကြီးဖော် ဆရာကြီး ဒဂုန်တာရာ ကရေးဖွဲ့ချယ်မှုန်းထားခြင်းဖြစ်ပါတယ်။
Download လုပ်ရန်……..
download here!

ထိုနေ့ကား ၁၉၄၆ စက်တင်ဘာ ၂၆ ရက်နေ့ပင်တည်း။
ထိုအချိန်မြန်မာနိုင်ငံသည်လွတ်လပ်ရေးမရသေး။ဗြိတိသျှဘုရင်ခံအုပ်ချုပ်နေဆဲပင်ဖြစ်ရာ အစိုးရအဖွဲ့ (ဝန်ကြီးအဖွဲ့ Cabernet)ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သည်။သဘာပတိက ဘုရင်ခံဖြစ်ပြီး ဗိုလ်ချုပ်က ဒုတိယသဘာပတိ အမည်ဖြင့် ဝန်ကြီးအဖွဲ့ကိုဦးစီးကွပ်ကဲရသည်။ သို့ရာတွင် ဘုရင်ခံမှာ အမည်ခံ ‘သဘာပတိ’ သာဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနများကိုပါ ဗိုလ်ချုပ်အောင်ဆန်းကပင်ကွပ်ကဲရသည်။တနည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ်အာဏာကို ရရှိထားပြီး ဖြစ်သည်။ တရားဝင် လွတ်လပ်ရေး မရသေး၍သာ ဝန်ကြီးအဖွဲ့ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ထိုနေ့က အလုံလမ်း ဘုရင်ခံအိမ်တော်မှ တာဝါလိန်းလမ်း (ယခုနတ်မောက်လမ်းသွယ်) နေအိမ်သို့ ပြန်ရောက်ရောက်ချင်း ဗိုလ်ချုပ်သည် ကျနော့အားခေါ်၍ ၂ ယောက်ချင်း ညွှန်ကြားချက် ပေးပါသည်။
“ဟေ့ကောင်…..ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးဖြစ်လာပြီ။မင်းကလည်း ငါ့ရဲ့ပီအေ (အပါးတော်မြဲ အတွင်းဝန်) အဖြစ် တစ်ရက် နှစ်ရက် အတွင်းပြန်တမ်းထွက်လာလိမ့်မယ်။ အစိုးရအဖွဲ့အနေနဲ့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေလည်း ရလာလိမ့်မယ်။ ငါ အခုပြောနေတာတွေကို မင်း မြဲမြဲ မှတ်ထားစမ်း။အာဏာရတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ်အကူအညီတောင်းတာတွေလည်း လာလိမ့်
မယ်။ဒီတော့ငါ့ရဲ့ဆွေမျိုးတွေ၊ငါ့မိန်းမဘက်ကအမျိုးတွေ၊ပြီးတော့မင်းနဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေအားလုံးကို ဘယ်သူ့ကိုမှမတရားအခွင့်အရေးမပေးရဘူး။သူတို့အကူအညီတောင်းတာကိုလုပ်မပေးရဘူး။မင်းတို့အိမ်မှာ အားလုံးကို ပြောထားလိုက်၊ငါ အခုပြောတဲ့အတိုင်း မင်းမလိုက်နာရင် မင်းနဲ့ငါနဲ့ အသိပဲ”
ဤသို့လျှင် ဗိုလ်ချုပ်သည် ကျနော့အား တိကျပြတ်သားစွာ အမိန့်ပေးခဲ့ပါသည်။
ကျနော်လည်း ဗိုလ်ချုပ်အမိန့်ပေးသည့်အတိုင်း လိုက်နာရပါသည်။ သူ့ဇနီး ဒေါ်ခင်ကြည်ကိုလည်း………
“မမကြည်……အိမ်မှာ ချက်ဖို့ ဆန်မရှိရင် ကျနော့ကို ပြောပါ။ ကျနော်တို့ ရဲဘော်တွေ ကြံဖန်ပေးပါ့မယ်။ ဆန်အိတ်တွေ ဆီပုံးတွေနဲ့ နောက်ဖေးပေါက်က အိမ်ပေါ်တက်လာမယ့် စီးပွားရေးသားတွေကိုတော့ လုံးဝ လက်မခံပါနဲ့။ ဗိုလ်ချုပ်က ဒီအတိုင်း ကျနော့ကို ပြောထားလို့ပါ”
ဟု တိုးတိုးတိတ်တိတ် ပြောခဲ့ပါသည်။
ထို့နောက် များမကြာမီ နတ်မောက်မှ ဗိုလ်ချုပ်တို့နှင့် ဆွေမျိုးနီးစပ်တော်သူအချို့ရန်ကုန် ရောက်လာပါသည်။ အမှန်တော့ သူတို့သည် အင်္ဂလိပ်ခေတ်က ‘အောင်ဆန်းဟာထောင်နှုတ်ခမ်း လျှောက်နေတဲ့ ကောင်ပဲ’ ဟုပြောတတ်ကြသည်။ယခုအစိုးရ အာဏာရလာမှ အခွင့်အရေး ရလိုရငြား လာကြခြင်းဖြစ်သည်။ကျနော်ကလည်းဗိုလ်ချုပ်အမိန့်ပေးထားသည့်အတိုင်းပြတ်ပြတ်သားသားပြောလိုက်တော့မှ လက်လျှော့ပြီး ပြန်သွားကြတော့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်စာ ဝါသနာပါပြီး အထူးကျွမ်းကျင်အောင်လေ့လာထားသကဲ့သို့ ကျနော်နှင့် စကားပြောလျှင်လည်း ရံဖန်ရံခါ အင်္ဂလိပ်လို ပြောတတ်သည်။
၂၆-၉-၄၆ နေ့က ဘုရင်ခံအိမ်တော်မှအပြန် ကျနော့အားညွှန်ကြားချက် ပေးပြီးနောက်
“Remember that I practice what I preach! “
ဟု အင်္ဂလိပ်လို အဆုံးသတ်ခဲ့ပါသည်။အဓိပ္ပါယ်ကတော့…….. Continue reading
မနေ့နံနက်က ဗိုလ်ချုပ်တို့ အနိစ္စရောက်ရှာပြီ။ တနင်္လာနေ့ (၁၄-၇-၁၉၄၇)ကပင် သူတို့ကို တွေ့ခဲ့ရသေးသည်။

တနင်္လာနေ့ညနေပိုင်း စာသင်တန်းမရှိ၍ ကျွန်ုပ် အိပ်ရာပေါ်တွင် စာဖတ်ရင်း တမှေးအိပ်ပျော်သွားသည်။ ထိုအခိုက် ဆရာခင်ဇော်လာ၍ ခေါက်ဆွဲမောင်မောင်ထံတွင် ဂျပန်လက်ထက်က ပျောက်သွားသော စာရွက်စာတမ်းများရှိသည်ကြား၍ သွားမေးကြရအောင်ဟု ပြောသဖြင့် လိုက်သွားသည်။ ထင်ဖတ်အိမ်တွင် ငါးလက်ခွာငါးခြောက် နှင့် လက်ဖက်ရည်ကြမ်း မော့ပြီး ဆရာခင်ဇော်၊ မောင်ထင်၊ ကျွန်ုပ်ပါ သုံးဦးသား အတွင်းဝန်များရုံးသို့ သွားကြသည်။ ကားကိုဆိုက်ပြီး လွှတ်တော်ရှေ့ကို ဖြတ်သွားသောအခါ ၀ရံတာတွင် ဆရာဦးဘချို နှင့် ဗိုလ်ချုပ်တို့ စကားပြောနေကြသည်ကိုမြင်၍ ကျွန်ုပ်တို့သုံးဦးသား ကပ်သွားကာ စကားဝိုင်းဖွဲ့ကြသည်။
ဗိုလ်ချုပ်သည် ဘန်ကောက်လုံချည် နံ့သာရောင်နှင့် ပိုးအင်္ကျီ ၀တ်ထားသည်။ တပတ်သားခန့်ရှိသော မုတ်ဆိတ်နှင့် နှုတ်ခမ်းမွေး လေးငါးဆယ်ပင်ရှိသည်။ ညှပ်ဖိနပ် စီးထားသည်။ လုံချည်ကို မကာ မကာ စကားပြောသည်။ ကောလိပ်ကျောင်းရောက်ခါစ ကျောင်းသားငယ်နှင့်တူသည်။
တနင်္ဂနွေနေ့က သူ့မိန့်ခွန်းကို အသံလွှင့်သည့်အကြောင်းနှင့်စပ်၍ စကားပြောကြသည်။ သူ လက်တန်းပြောသမျှတွင် ထိုနေ့က ပြောသောစကားကို သူအကြိုက်ဆုံးဖြစ်သည်ဟု သူပြောသည်။
“ကျွန်တော်က လိုရမယ်ရ မှတ်သားထားတဲ့ ဖိုင်တွဲတွေကို ဆွဲလာပြီး ပြောတာကို စီစဉ်ပြီးသားစကားကို ပြောတယ်လို့ ထင်ကြမှာပဲ။ ကျွန်တော် အလုပ်ရှုပ်နေလို့ မစီစဉ် မရေးသားခဲ့နိုင်ဘူး။ ပြောချင်တာကလေးတွေကိုသာ တေးလာရတယ်။ ဒါပေမယ့် မနေ့ကစကားကို ကျွန်တော်လက်တန်းပြောသမျှမှာ အကောင်းဆုံးလို့ ထင်တာပဲ။ ခင်ဗျားတို့ ဘယ်လိုအသံလွှင့်သလဲ” ဟု ကိုထင်တို့ဘက်သို့ လှည့်၍မေးသည်။ “ကြမ်းတဲ့အပိုင်းတွေကို ဖြတ်ပြီး ကောင်းတာတွေကို လွှင့်ပါတယ်”ဟု ပြန်ဖြေသည်။ “အို အဆီအသားတွေကို ချန်ခဲ့တာကိုးဗျ။ ဟိုဟာတွေမှ အဆီတွေပဲ။ ဒီလိုပြောမှ ထိတယ်၊ မိတယ်” ဟု ဆိုကာ သူငယ်စဉ်က တရားဟောခဲ့ပုံတွေကို ပြောပြသည်။
“တခါတော့ ကျွန်တော်ရယ်၊ ဆရာကြီးရယ်၊ သခင်စိုးရယ် မန္တလေးမှာ တရားဟောကြတယ်။ မန္တလေးကိုလည်း ကျွန်တော်တို့ မသိဘဲကိုး။ သည်တော့ ကျွန်တော်တို့က အသံချဲ့စက်ကြီးနဲ့ ဟောတာပေါ့။ Continue reading

ဗြိတိသျှအုပ်စိုးတဲ့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားလာခဲ့တယ်။ အဲ့ဒီအချိန်က မြန်မာ့လွတ်လပ်ရေး အတွက် နယ်ချဲ့ဗြိတိသျှတွေကို ဆန့်ကျင်တွန်းလှန်တာဟာ မြန်မာ နိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်တရပ် ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဟာ ဒီတာဝန်ကို ဦးလည် မသုန် ထမ်းရွက်ခဲ့တယ်။ သူဟာ သူ့ပိုင်ဆိုင်မှုအားလုံးနဲ့ သူ့အသက်ကိုပါ စွန့်လွှတ်သွားခဲ့ သူ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ယုံကြည်ချက်ကနေ ဘယ်တော့မှ သွေဖည်မသွားဘဲ စွဲစွဲမြဲမြဲ လုပ်ကိုင်သွားသူ ဖြစ်တယ်။ သူကျဆုံးသွားချိန်အထိ ဘ၀တလျှောက်လုံး နယ်ချဲ့ကို ဆန့်ကျင်ခဲ့သူဖြစ်တယ်။ နယ်ချဲ့ဗြိတိသျှတွေနဲ့ စေ့စပ် ညှိနှိုင်းလို့ ယုံကြည်မှုတည်ဆောက်ခဲ့ပေမယ့် မြန်မာပြည် တစည်းတလုံးတည်း လွတ်လပ်ရေးရဖို့အတွက်ကို ဘယ်လို အပေးအယူမှ မရှိခဲ့ဘူး။

ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကိုတိုက်ယူရာမှာ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ လုပ်ငန်းကို အမျှော်အမြင်ရှိရှိနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ အင်အားကြီးတဲ့ ရန်သူကိုတိုက်ဖို့အတွက် စစ်တပ်တတပ်လိုတယ်ဆိုတာ သဘောပေါက် တယ်။ ဒါကြောင့် သူ့ခေါင်းဆောင်မှုအောက်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို လူ ၃၀ နဲ့ စတင်ဖွဲ့စည်းခဲ့တယ်။ လအနည်းငယ်အတွင်း ဗမာ့လွတ်လပ်ရေးတပ်မတော်ဟာ တပ်သားသစ်ထောင်ပေါင်းများစွာကို စုဆောင်းနိုင်ခဲ့တယ်။

စစ်တပ်ကိုဖွဲ့စည်းထူထောင်ခဲ့ပြီးနောက် ခေတ်မီတပ်မတော်ဖြစ်လာအောင်လည်း တပ်မတော်လေ့ကျင့်ရေးကျောင်းနဲ့ စစ်တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့တယ်။ တပ်မတော်ကို ခိုင်မာတဲ့ အဖွဲ့အစည်းတခုဖြစ်လာအောင် ဖန်တီးခဲ့တာ ဗိုလ်ချုပ် အောင်ဆန်းဖြစ်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်ဟာ အနာဂတ်တပ်မတော်ကို နိုင်ငံရေးနဲ့ ကင်းကင်းနေသင့်တယ်ဆိုပြီး လမ်းညွန်ခဲ့ပါတယ်။

နိုင်ငံရေးမျက်နှာစာမှာလည်း ဗိုလ်ချုပ်ဟာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အင်အားစုတွေကို စုစည်းနိုင်ခဲ့တယ်။ ပညာတတ် အထက်တန်းလွှာတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို တော်လှန်ရေးထဲပါဝင်လာအောင် စည်းရုံးနိုင်ခဲ့တယ်။

Continue reading