၀၉၊ ၀၆၊ ၀၉ ဧရာဝတီ အယ်ဒီတာ့အာဘော်ကို တုံ့ပြန်ချက်

#fullpost {display:none;}

(8888peoplepower@yahoogroups.com သို့ patriot.ever patriot.ever@gmail.com ၏ ပေးစာကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ ဆင်ခြင်စဉ်းစားနိုင်ရန် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

Comment ပေးတာ ဧရာဝတီ အယ်ဒီတာ့အာဘော်နဲ့ မကိုက်လို့နဲ့ တူပါတယ်။ ထည့်မပေးလို့ 8888groups ကို ပို့ပေးလိုက်တာပါ။

NLD က ၉၀ တုန်းက တပြည်လုံးမှာ (၈၀) ရာခိုင်နှုန်းနဲ့ မဲနိုင်ခဲ့တဲ့ပါတီ။ အစိုးရကို ဦးဆောင်ဖွဲ့စည်းရမယ့် ပါတီ ပါ။ ဒါပေမယ့် NLD အပါအ၀င် အနိုင်ရပါတီအားလုံးက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စစ်သားနိုင်ငံရေး မလုပ် တတ်ဘူးဆိုပြီး နိုင်ငံရေးပြဿနာ၊ အာဏာပြဿနာကို ကလေးကလား သွားလုပ်မိလိုက်ကြတော့ ဗိုလ်ချုပ် စောမောင်ဆီမှာ ဗြောင်အလိမ်ခံလိုက်ရပါတယ်။

ဘယ်ဖွဲ့စည်းပုံနဲ့ လွှတ်တော်ခေါ် အစိုးရဖွဲ့ပေးရမလဲ။ ဖွဲ့စည်းပုံမှ မရှိတာ။ ရွေးကောက်ပွဲလုပ်တာ ငါတို့နဲ့ ပေါင်း ပြီး ဖွဲ့စည်းပုံဆွဲဖို့အတွက်ပဲဆိုတော့ အားလုံးဂယောင်ချောက်ချား ဖြစ်သွားကြတယ်။ ရူးရူးမူးမူးနဲ့ reconcilia- tion လား။ annihilation လားဆိုပြီး ကိုယ့်ရဲ့ နိုင်ငံရေးသြဇာ၊ စည်းရုံးရေးအင်အားနဲ့ အခြေခိုင်မှုကို ထည့်မ တွက်ဘဲ စစ်အုပ်စုနဲ့ ထိပ်တိုက်တိုးဖို့ ကြိုးစားခဲ့ကြတယ်။ နိုင်ငံရေးရော၊ စစ်ရေး (နယ်စပ်ဒေသ) မှာပါ တဖြည်း ဖြည်း အရေးနိမ့်ခဲ့ရတော့ နောက်ဆုံး အဝေးရောက်အစိုးရလည်း Washington DC ထိ ရောက်သွားတယ်။ ရန်သူနဲ့ မစေ့စပ်တမ်း တိုက်မယ်ဆိုတဲ့ ကောက်ရိုးမီး သူရဲကောင်းတွေလည်း နောက်ဆုံး တဖက်သတ် အညံ့ခံ ရေးလမ်းကြောင်းကိုပဲ ဦးတည်သွားကြတယ်။

အတိုက်အခံတွေအနေနဲ့ ရန်သူ့အခြေအနေ၊ မိမိအခြေအနေ၊ ပြည်သူလူထုရဲ့ လိုက်ပါနိုင်မှု၊ နိုင်ငံတကာ အနေ အထားကို ခြုံငုံသုံးသပ်ပြီး အားလုံးလိုက်ပါနိုင်မယ့် ဘုံလုပ်ငန်းစဉ်တခု မဆွဲနိုင်ခဲ့ကြတာ ဗမာတပြည်လုံးအ တွက်ရင်နာစရာပါ။ လက်ဝဲကျွံပြီး မိုက်ရူးရဲဆန်ခဲ့ကြလို့ အခုလက်ယာကျွံပြီး အညံ့ခံထွက်ပြေးရေးလမ်းပေါ် ရောက်သွားကြတယ်လို့ ပြောရမယ်ထင်ပါတယ်။

ဗမာပြည်မှာ ဒီမိုကရေစီအနည်မထိုင်ခဲ့သလို ပါတီစုံစနစ်လည်း အသားမကျခဲ့ပါဘူး။ လွတ်လပ်ရေးနောက်ပိုင်း ဆင်နွှဲခဲ့ကြတဲ့ လူထုတိုက်ပွဲတွေမှာလည်း ဦးစီးဦးဆောင် ပါတီအဖွဲ့အစည်းတွေရဲ့ ရေရှည်ခေါင်းဆောင်မှု မခိုင် မြဲခဲ့လို့ နိုင်ငံရေးအရ အောင်မြေမချဲ့နိုင်ခဲ့ဘူး။ ၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက ဒီမိုကရေစီဘက်တော် သားတွေကို မဲပုံပေးခဲ့တာဟာ သူတို့ရဲ့ လိုဘဆန္ဒကို အတတ်နိုင်ဆုံး ဖော်ပြခဲ့ကြတာပါ။ ပြည်သူ့ဆန္ဒကို အ ကောင်အထည်ဖော်ပေးကြဖို့က ဦးဆောင်ပါတီ အဖွဲ့အစည်းတွေရဲ့ တာဝန်ပါ။ အင်တာဗျူးတခုမှာ NLD အခု ဘာလုပ်နေသလဲမေးတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လူထုတွေ ဘာလုပ်နေသ လဲ ပြန်မေးချင်တယ်ဆိုပြီး ပြန်ပက်လိုက်တော့ ပြည်သူတွေအတွက် တော်တော်စိတ်ထိခိုက်စရာ ကောင်းပါ တယ်။

ဗမာပြည်သူလူထုမှာ လူထုတိုက်ပွဲ အတွေ့အကြုံရှိပါတယ်။ အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ် (ယုတ်စွအဆုံး လတ်တလော အခြေအနေမှာ) ဆိုတဲ့ အကြောင်းကိုလည်း ကောင်းကောင်းသဘောပေါက်ကြ ပါတယ်။ ဦးတည်ချက် ခိုင်ခိုင်လုံလုံမရှိဘဲ၊ တောင်းဆိုချက် မပီပြင်ဘဲ၊ ဆုံးဖြတ်ချက်မခိုင်မာဘဲ နိုင်ငံရေးသမား တွေ တပွဲတိုး ဖော်ထုတ်ခဲ့ကြတဲ့ တိုက်ပွဲတွေမှာ နဖူးတွေ့၊ ဒူးတွေ့ ရှေ့တန်းကနေ အသက်ပေးလိုက်ရတာ၊ ဘ ၀ပေးလိုက်ရတာ ပြည်သူတွေပါ။ ဗမာပြည်သူလူထုအနေနဲ့ အာဏာရှင်ဆန့်ကျင်ရေးမှာ တက်တက်ကြွကြွ ပါ ၀င်ဖို့ ၀န်မလေးကြသလို တဘက်ကလည်း တိုက်ပွဲခေါ်နေတဲ့လူတွေ ဟန်ပါ့မလားဆိုတဲ့ သံသယရှိနေတတ် တာကို တိုင်းပြည်ခေါင်းဆောင်လောင်းတွေ အထူးသဘောပေါက်ထားဖို့ လိုပါလိမ့်မယ်။

ရွှေဝါရောင်တော်လှန်ရေး အရှိန်မြင့်နေချိန်မှာ NLD က ပြောရေးဆိုခွင့်ရှိသူတွေက ဒါကတော့ ထိပ်တိုက်တွေ့ ဆုံမယ့် လမ်းကြောင်းပဲ။ NLD မှာ ပေါ်လစီမရှိဘူး။ မပါဝင်နိုင်ဘူးလို့ ပြောလိုက်တာကို ပြည်သူတွေအနေနဲ့ NLD ဘယ်လဲ ဘာလဲလို့မေးရင် ဘယ်လိုပြန်ဖြေမလဲ။ ၉၀ ရွေးကောက်ပွဲမှာ ယုံကြည်မှုများစွာနဲ့ မဲပေးခဲ့တဲ့ ပြည်သူတယောက်အနေနဲ့ဆိုရင်တော့ နိုင်ငံရေးခေါင်းဆောင်တွေ၊ အမတ်လောင်းတွေဆီမှာ ပြည်သူတွေ သစ္စာဖောက်ခံရတယ်လို့ပဲ ခံစားမိပါတယ်။

ပါတီအဖွဲ့အစည်းဆိုတာ လူထုကို အတွေးအခေါ်အရ၊ လုပ်နည်းလုပ်ဟန်အရ လူထုကို စနစ်တကျနဲ့ စံပြခေါင်း ဆောင်ဖို့ ဖွဲ့စည်းထားတာပါ။ ပါတီရပ်တည်ခွင့်ရဖို့အတွက် ဗိုလ်ချုပ်တွေ အငြိုငြင်ခံလို့ မဖြစ်ဘူးလို့ သဘော ထားကြတဲ့ ပါတီခေါင်းဆောင်တွေအနေနဲ့  မိမိရဲ့ရပ်တည်ချက်ကို ကိုယ့်ကိုယ်ကို ဝေဖန်ရေးလုပ်နိုင်ကြမယ်ဆို ရင် ဗမာပြည်ဒီမိုကရေစီတိုက်ပွဲ အရည်အသွေးအရ တဆင့်ခုန်တက် သွားလောက်ပြီလို့ ထင်ပါတယ်။

တကယ့်လူထုခေါင်းဆောင်ဆိုတာ တိုက်ပွဲထဲကပဲ ပေါ်ထွက်နိုင်ပါတယ်။ တိုက်ပွဲနဲ့ မှတ်ကျောက်တင်တာ ခံနိုင် ရပါမယ်။ တိုက်ပွဲတွင်းမှာ ချေမှုန်းခံရရင် တိုက်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တိုက်ဖို့ကလွဲလို့ အခြား မရှိပါ။ ပါတီအကျိုးအတွက် ပါတီထောင်တားတာ party for party’s sake ဆိုရင်တော့ ဗိုလ်ချုပ်တခါက ပြော ခဲ့ဖူးသလို့ တိုင်းပြည်ကတော့ ငါးပါးမှောက်ဖို့ သေချာပြီ the country is doomed လို့ ပြောရမှာပါပဲ။

လူထုနစ်နာမှာ ကြောက်လို့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲကို အရှိန်မမြှင့်တာလို့ ဆင်ခြေပေးမယ်ဆိုရင် တော့ အခြေအနေကို မသုံးသပ်ဘဲ လူထုကို တဖက်သတ် အထင်သေးတာလို့ပဲ ပြောပါရစေ။ စစ်အုပ်စုရဲ့ ပရိ ယာယ်ကို နားမလည်လို့၊ လျှော့တွက်ခဲ့ကြလို့၊ လိမ်လိမ်မာမာနဲ့ မတုံ့ပြန်နိုင်ခဲ့လို့၊ တိုက်ပွဲအရှိန်ကို ဆက်မထိန်း နိုင်ခဲ့လို့၊ ၉၀ ရွေးကောက်ပွဲနဲ့ လွှတ်တော်မခေါ်နိုင်ခဲ့လို့၊ ရရင်ရ မရရင်ချ သဘောမထားနိုင်ခဲ့လို့ အစိုးရဖွဲ့နိုင်တဲ့ အဆင့်က စစ်အုပ်စုနဲ့ပေါင်းပြီး ဖွဲ့စည်းပုံဆွဲရမယ့် အဆင့်၊ ဒီကတဆင့်လျှောပြီး တွေ့ဆုံဆွေးနွေးပွဲ လုပ်ခွင့်ပေး ပါ။ ဖွဲ့စည်းပုံမှာပါတဲ့အချက်တွေ ပြင်ပေးပါဆိုတဲ့အဆင့်ကို ရောက်ခဲ့ရတာပါ။

အစိုးရဖွဲ့နိုင်တဲ့ အဆင့်က နှစ် (၂၀) နီးပါးကြာခဲ့ပြီးမှ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါ။ နားလည်မှုနဲ့ လုပ် ကြရအောင်ဆိုတာ တော်လှန်ရေးအဆင့်တက်လာတာ မဟုတ်ပါဘူး။ အဆင့်လျှောသွားတာ၊ ပြည်သူတွေပိုပြီး နစ်နာလာတာ ဖြစ်ပါတယ်။ နယ်စပ်ဒေသမှာ မုဒိမ်းကျင့်ခံနေရတဲ့ တိုင်းရင်းသူတွေ ဘယ်နှစ်ယောက်ရှိပြီလဲ။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ထမင်းတနပ်အတွက် အသွေး၊ အသားရောင်းစားနေရတဲ့ အမျိုးသမီးတွေ ဘယ် နှစ်ယောက်ရှိပြီလဲ။ နိုင်ငံတကာမှာ ဂုတ်သွေးစုပ်ခံနေရတဲ့ ဗမာအလုပ်သမားတွေ ဘယ်နှစ်ယောက်ရှိပြီလဲ။ လူထုတိုက်ပွဲထဲမှာ သေတဲ့၊ ထောင်ကျတဲ့ အညတရပြည်သူတွေ ဘယ်နှစ်ယောက်ရှိပြီလဲ။ ပြည်တွင်းစစ်မှာ သေတဲ့ အောက်ခြေက စစ်သားရော၊ တော်လှန်ရေးရဲဘော်တွေ ဘယ်နှစ်ယောက်ရှိပြီလဲ။

နာမည်ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို စစ်တပ်ကလည်း အလွယ်တကူ မထိရဲသလို၊ နိုင်ငံတကာကလည်း လျစ်လျူမရှုပါဘူး။ ထောင်ထဲရောက်တာနဲ့ ဆီးချိုဖြစ်ပြန်ပြီ၊ သွေးတိုးထပြန်ပြီဆိုတာ ပြည်ပဆက်သွယ်ရေး လမ်းကြောင်းကို ငွေကြေးပုံအောပြီး တည်ဆောက်ထားနိုင်တဲ့ အထက်တန်းစား နိုင်ငံရေးသမားတွေပဲ တင်ပြ နိုင်ကြတာပါ။ ရဲဘက်စခန်းမှာ၊ ပေါ်တာဆွဲရာမှာ သေသွားတဲ့ အညတရ ဒီမိုကရေစီဘက်တော်သား ပြည်သူ တွေကိုလည်း သနားကြပါဦး။

မင်းတို့က ပြည်တွင်းမှာမဟုတ်လို့ ပြောနိုင်တာဆိုတဲ့ အနုမာနလေးတွေနဲ့ တုံ့ပြန်ဖို့လည်း စိတ်မစောကြပါနဲ့ဦး။ ဘယ်တော်လှန်ရေးမဆို ပြည်တွင်းမှာပဲ အောင်ပွဲခံကြတာချည်းပါပဲ။ နိုင်ငံရေး တော်လှန်ရေးလုပ်တယ်ဆိုတာ ကျားမြီးဆွဲတဲ့ ကိစ္စ၊ မီးခဲကိုင်တဲ့ ကိစ္စပါ။ ကိုင်ရဲရင် ရဲရဲကိုင်၊ မကိုင်ရဲရင် ကိုင်ကိုမကိုင်နဲ့။ တတ်နိုင်သလောက် ပြော၊ ပြောသလောက် လုပ်ကြပါ။ မြေပေါ် မတက်ရဲရင်၊ တက်ဖို့ အကျိုးအကြောင်းမခိုင်လုံရင်၊ အခြေအနေမ ပေးရင် မြေအောက်မှာနေပြီး လိုအပ်တဲ့ပြင်ဆင်မှုလုပ်ပါ။ ဟီးရိုးလုပ်ပြီး မဏ္ဍပ်တိုင်လည်း တက်ပြ၊ ပြန်အဆော် ခံရတော့ မနှဲလေးအသံနဲ့ နိုင်ငံတကာကို တိုင်တည်ပြ လုပ်နေရုံနဲ့တော့ ဗမာပြည်ဒီမိုကရေစီရေးက ပြည်သူ တွေအဖို့ မျှော်တော်ဇောနဲ့ မောကြရုံပါပဲ။

ပြည်ပမှာရှိတဲ့ အများစု နိုင်ငံရေးသမားတွေကလည်း မာနယ်ပလောမှာ ဒီမိုကရေစီမရရင်၊ ချင်းမိုင်၊ မဲဆောက် မှာ ဒီမိုကရေစီရ၊ ၀ါရှင်တန်မှာ ဒီမိုကရေစီရနေတဲ့ လူတွေပါ။ နအဖ ဖိနှိပ်တာကို အကြောင်းပြလို့ ဆွေခုနစ် ဆက်၊ မျိုးခုနစ်ဆက်လည်း နိုင်ငံတကာကို ရောက်ကုန်ကြပါပြီ။ တချို့ဆို နိုင်ငံတကာမှာ ပညာရော၊ အရင်းအ နှီးပါ စုမိလို့ နအဖနဲ့ ပလဲပနံသင့်အောင်လုပ်ပြီး ပြည်တွင်းဝင်လို့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့တောင် တာစူနေကြပါပြီ။
တော်လှန်ရေးဆိုတာ ဘုန်းတော်ဘွဲ့သီတာ၊ ဧယင်ကျူးတာ မဟုတ်ပါကြောင်း … …။